မောသျှမ်း(ခ)တိုင်းမောဝ်

မောသျှမ်း(ခ)တိုင်းမောဝ်

November 13, 2013 at 4:29pm

Ãချောအလှပိုသူ မောနှမပျိုဖြူ နမ့်မောမြစ်ကို အမှီပြု၍ (ယခုရွှေလီ) သျှမ်းနိုင်ငံတော်ကြီးသည် AD -649 တွင် အရှေ့ဘက် နန်ချိုသျှမ်း နိုင်ငံတော်ကြီး၏ သျှမ်းပြည်ထောင်စု (၉)ခုတွင်ပါဝင်ခဲ့သည် နန်ချို ဧရာဇ် ခွန်လူဖုန်း (AD -753 – 763 )မောသျှမ်းကိုး ပြည်ထောင်တွင် ပါဝင်ခဲ့သော
၁။ မိုးကောင်း = ၉၉မြို့ ၂။ မိုးညှင်း = ၃၇မြို့ ၃။ သောင်သွတ် = ၂၈မြို့ ၄။ မိုးမိတ် = ၄၉မြို့ ၅။ သိန္နီ = ၄၉မြို့ ၆။ သီပေါ = ၂၉မြို့ ၇။ မိုးနဲ = ၃၇မြို့ ၈။ ညောင်ရွှေ = ၃၉မြို့ နန်ချို သျှမ်းဧကရာဇ်မင်းဆက် (AD 650-1252 ) နှောင်း၌တစ်ဦး၊ မောသျှမ်းတိုင်းပြည် စယ်လန့် ဧကရာဇ်မင်းဆက် (AD 1300-1772 ) ၌တစ်ဦး၊ မိုးညှင်းမင်းတရားကြီး စ၀်စောလုံ၏သား အာဝနန်းရှင် သိုဟန်ဘွား (AD 1505-1547 ) ကတစ်ဦးဖြစ်ပါသည်။ သူတို့အားလုံးသည် “ဆို” မင်းနွယ်ဝင်များမှ ဖြစ်ကြပါသည်။ မေဂျာဒေးဗစ် ရေးသားသော ယူနန်ပြည်စာအုပ်တွင် ယူနန်သည် သျှမ်းဝေါဟာရ ဖြစ်ကြောင်း ယူနန်-နေထိုင်သည်၊ နမ်-များပြားခြင်း။ ထို့ကြောင့် ယူနန်များပြား ကျယ်ပြန့်စွာနေထိုင်သော လူမျိုးတို့နေရာ၊ ပြည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ထိုလူမျိုးတို့သည် အနောက်ဖက် အာသံသို့တိုင်အောင် ပျံ့နှံ့နေထိုင်ခဲ့ကြကြောင်း (၁၃)ရာစုတွင် အာသံကို သိမ်းပိုက်ပြီး အာဟုမ္မမင်းဆက် ကိုတည်ထောင်ခဲ့ကြောင်း အာဟုမ္မပူရံဂျီခေါ် အဟုမ္မသမိုင်း တွင်ရေးသားထားသည်။ ယနေ့တရုတ်ပြည် ယူနန်နယ်တွင် နေထိုင်ကြပြီး နမ့်မောမြစ်ကို အမှီပြု၍နေထိုင်ျှမ်းများကို မောသျှမ်း ဟုခေါ်ဆိုပါသည်။
မောသျှမ်း(ခ)တိုင်းမော သုံးစွဲသော ဗျည်းအက္ခရာ အနာဂတ်သျှမ်းလူငယ်များ မိမိအမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ် ထိမ်းသိမ်းစောင့်ရှောက်ရင် အချင်းချင်း ရိုင်းပင်ကူညီ လက်တွဲလုပ်ကိုင် နိုင်ကြပါစေ။
http://shanniyouth.blogspot.com/2010/04/blog-post_06.html

No comments: